စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း( အငယ်တန်းစာရေး)နှင့် ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၄) ရက်နေ့ ၊ နေ့လယ်ပိုင်းတွင် တိုက်(၇) အခန်း(၅) တော်ဝင်အိမ်ယာ၊မြောက်ဒဂုံအတွင်းရှိ ဆန်လက်လီရောင်းချနေသော တော်ဝင်ဆန်/ဆီ ရောင်းဝယ်ရေးဆိုင် အားသွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် (ရွှေဘိုပေါ်ဆန်း)၊ (ရက် ၉၀) ၊ မြောင်းမြ ၊ ကျားပျံ ၊ အညာသား စသည့် ဆန်များ၏ (၁ပြည်) ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြု ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)