“ ဒလမြို့နယ်၌စားသုံးဆီ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးအား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံ စိတ်ချရမှု ရှိစေရေးနှင့်စနစ်တကျ ဝယ်ယူသုံးစွဲတတ်စေရန် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဒီဇင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒလမြို့ကမာကဆစ်စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထို့သို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့်ဝန်ထမ်း များ၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့ပူးပေါင်းအဖွဲ့မှ ကမာကဆစ်စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ကုန်စုံဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ စားသုံးဆီအမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင်သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ရေးသားဖော်ပြရမည့်အချက်များ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့် စားသုံးဆီများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မပါရှိသော စားသုံးဆီအမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုစေရန် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာများကို အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)