သန့်ဖြူဆပ်ပြာဆီလုပ်ငန်းအတွက် MSME ချေးငွေပံ့ပိုးပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တကယ်လိုအပ် သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာ အသုံးပြုနိုင် ရေး စီမံ ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ အမှတ်(၈၈၄) ၊ မေတ္တာလမ်း ၊ (၁၀)ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်ရှိ သန့်ဖြူဆပ်ပြာဆီ လုပ်ငန်းအတွက် MSME လျှောက်ထားသည့် လုပ်ငန်းရှင်အား  ၁၀.၁၂.၂၀၂၄ ရက်နေ့တွင် ချေးငွေပံ့ပိုးပေးနိုင်ရေး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင် ၍ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်တွင်းအခွန် ၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာနစသည့် သက်ဆိုင်ရာ ဌာနများပူးပေါင်းပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး မှ ဒေါ်အေးအေးနွယ်(ဦးစီးအရာရှိ)က အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်များဝင်ငွေတိုးတက်စေရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြရန် စားသုံးသူကာကွယ်ရေးဥပ‌ဒေတွင် ဖော်ပြပါရှိရမည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို သိရှိလိုက်နာ ဆောင်ရွက်ရန်တို့ကို  အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)