
Stellantis နှင့် တရုတ်ဘတ်ထရီထုတ်လုပ်သူ CATL တို့သည် စပိန်တွင်အကြီစား ဥရောပ လစ်သီရမ်ဖော့စဖိတ် (LFP) ဘတ်ထရီစက်ရုံတည်ဆောက်ရန်အတွက် ဖက်စပ်လုပ်ငန်းတစ်ခု ဖွဲ့စည်းရန် ယူရို ၄.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၃၁ ဘီလီယံ) ရင်းနှီးမြုပ်နှံရန် သဘောတူညီချက်အား ၁၁.၁၂.၂၀၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။စပိန်ဝန်ကြီချုပ် Pedro Sanchez ကအဆိုပါသဘောတူညီချက်အားချီးကျူးခဲ့ပြီး ကြေညာချက်နှင့်ပက်သက်၍ အလွန်ကျေနပ်ကြောင်းပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာပေါ် တွင်ပို့စ်တင်ကာ စပိန်နိုင်ငံ အပေါ် ၎င်းတို့၏ ကတိကဝတ်များနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ကင်းစင်သော အနာဂတ်ဖြစ်လာစေရေးတွန်အားပေးရန် နိုင်ငံအတွက်ခိုင်မာသောပံ့ပိုးကူညီ မှုများအတွက် Stellantis နှင့် CATL တို့အားအထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ အင်္ဂါနေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စပိန်အစိုးရပြောရေးဆိုခွင့်ရှိသူ Pilar Alegria က ၎င်းတို့ဖက်မှ ရရှိမည့်ရင်းနှီးမြုပ်နှံမှုငွေနှင့် အလုပ်အကိုင်များအားမီးမောင်း ထိုးပြခဲ့ပြီး အဆိုပါသဘောတူညီချက်အားချီးကျူးခဲ့သည်။ ၂၀၂၆ နှစ်ကုန်ပိုင်းတွင် Stellantis ၏ Zaragoza Spain ဆိုဒ်တွင်စတင်ထုတ်လုပ်နိုင်ရန်ရည်မှန်းထားပြီး အဆိုပါစက်ရုံသည် ဥရောပလျှပ်စစ်စျေးကွက်၏ ပြောင်းလဲလာမှုကြောင့် စပိန်နှင့်ဥရောပသမဂ္ဂမှအာဏာပိုင်များ ၏ဆက်လက်ပံ့ပိုးကူညီမှုများအရ အဆိုပါစက်ရုံသည် ၅၀ ဂစ်ဂါဝပ်အထိထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း တရုတ်ကုမ္ပဏီမှ ၎င်း၏ဝက်ဘ်ဆိုက်တွင်တင်ထားသည့် သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်အား စပိန်ဝန်ကြီးချုပ် Sanchez သည် စပိန်အစိုးရနှင့် CATL မှအခြားကိုယ်စားလှယ်များနှင့်အတူ တနင်္လာနေ့က Zeng နှင့်တွေ့ဆုံ ပြီးနောက် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ စပိန်အစိုးရသည် မော်တော်ယာဥ်စက်မှု လုပ်ငန်းကို ပြန်လည်တည်ဆောက်ရန်အတွက် ဘဏ္ဍာငွေ ယူရို ၅.၅ ဘီလီယံကျော်အား ကတိပြုထားကြောင်းသိရသည်။ CATL သည် ဂျာမနီနှင့် ဟန်ဂေရီနိုင်ငံတို့တွင် လည်ပတ်နေသော စက်ရုံနှစ်ရုံရှိသည်။စပိန်ရှိစက်ရုံသစ်သည် ဥရောပနှင့်ကမ္ဘာ့စျေးကွက်တွင် E-mobility နှင့် စွမ်းအင်ကူးပြောင်းရေး ကြိုးပမ်းမှုများကို မြှင့်တင်ရန်အတွက် ၎င်း၏ ကတိတဝတ်အား ကိုယ်စားပြုလျှက်ရှိကြောင်းသိရသည်။
DOCA(ရန်ကုန်)