တရုတ်နိုင်ငံ၏ ဒုတိယသမ္မတနှင့် ဗီယက်နမ်နိုင်ငံ၏ဒုတိယဝန်ကြီးချုပ်တို့ တွေ့ဆုံ

Powered by Drupal

         တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ Han Zheng နှင့် ဗီယက်နမ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့သည် ၁၀.၁၂.၂၀၂၄ ရက်နေ့ (အင်္ဂါနေ့) က ဘေဂျင်းမြို့၌ တွေ့ဆုံခဲ့ကြသည်။ လာမည့်နှစ်သည်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံ‌ရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီးတရုတ်-ဗီယက်နမ် လူသားအချင်းချင်း ဖလှယ်ခြင်းနှစ်အဖြစ်နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီမှုကို နှစ်ဖက်လုံးမှလိုက်နာသင့်ကြောင်း Han မှပြောကြားခဲ့သည်။ ပါတီနှစ်ရပ် နှင့် နှစ်နိုင်ငံထိပ်သီး ခေါင်းဆောင်များ၏ အရေးကြီးသောသဘောတူညီချက်များဖြစ်သော မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထိန်းသိမ်းရန်၊ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်၊ အများ သူငှာသဘောထားအခြေခံအားခိုင်မာစေရန်၊ ဘက်ပေါင်းစုံညှိနှိုင်းမှုအားကောင်းလာစေရန်၊ မျှဝေထားသော အနာဂတ်နှင့်အတူ တရုတ်-ဗီယက်နမ်အသိုက်အဝန်း တည်ဆောက်‌ရေးကို မြှင့်တင်ရန် နှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်စေရန် စသည်တို့အားနှစ်ဖက် လုံးမှလိုက်နာသင့်သည်ဟု ဟန်ကဆက်လက်ပြောကြားခဲ့သည်။ Binh Thanh Son မှ တရုတ် နိုင်ငံနှင့် ရေရှည်ချစ်ကြည်စွာရင်းနှီးဆက်ဆံ‌မှုသည်တစ်သမတ်တည်းရှိသော အဆိုပြုချက်၊ ရည်မှန်းချက်လိုအပ်ချက်၊ မဟာဗျူဟာရွေးချယ်မှုနှင့် သံတမန်‌ရေးရာ၏ ထိပ်တန်းဦးစားပေး ဖြစ်ကြောင်းပြောကြားခဲ့သည်။ဗီယက်နမ်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင် အမာလိုက်နာပြီး အဆင့်မြင့်ဖလှယ်မှုများအားကောင်းစေရန်၊ နိုင်ငံရေးအရအပြန်အလှန် ယုံကြည်မှုခိုင်မာလာစေရန်၊ တရုတ်နိုင်ငံနှင့်လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကိုမြှင့် တင်ရန်နှင့်မဟာဗျူဟာမြှောက် အ‌ရေးပါသောအနာဂတ်ကိုမျှဝေခံစားခြင်းဖြင့် ဗီယက်နမ်-တရုတ်အသိုက်အဝန်းတည်ဆောက်ရေးကို ပူးတွဲမြှင့်တင်သွားရန်ဆန္ဒရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)