ဗီယက်နမ်နိုင်ငံသည် ယခုနှစ်၏ပထမ ၁၁ လတာကာလတွင်ပြည်ပစီမံကိန်း ၁၅၁ ခု၌ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ ပြည်ပရင်းနှီးမြှုပ်နှံမှု အေဂျင်စီ၏ အဆိုအရသိရပါသည်။ စုစုပေါင်းမတည်စာရင်းသွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၈.၆၉ သန်းရှိပြီး ၂၀၂၃ တူညီသည့်ကာလထက် ၅၁.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများသည် ပြည်ပ၌ကဏ္ဍ ၁၆ ခုတွင်ရင်းနှီးမြှုပ်နှံမှုပြုထားပြီး သိပ္ပံနှင့်နည်းပညာသည် အမေရိကန်ဒေါ်လာ ၂၀၀.၅ သန်းဖြင့် ထိပ်ဆုံးမှရပ်တည်နေကာ စုစုပေါင်း မတည်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၃၃.၄ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းသည် ဒုတိယနေရာတွင် အမေရိကန်ဒေါ်လာ ၁၀၈.၇၆ သန်းဖြင့်ရပ်တည် နေပြီး စုစုပေါင်းမတည်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၁၈.၁ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ၎င်း၏ နောက်တွင် လျှပ်စစ်နှင့်ဂတ်စ်ထုတ်လုပ်ဖြန့်ချိခြင်း (အမေရိကန်ဒေါ်လာ ၉၄.၅၇ သန်း)၊ သတ္တု တူးဖော်ခြင်း (အမေရိကန်ဒေါ်လာ ၆၀.၆၇ သန်း)နှင့် သယ်ယူပို့ဆောင်ရေး နှင့်ကုန်သိုလှောင် ခြင်း (အမေရိကန်ဒေါ်လာ ၃၈.၆၂ သန်း)တို့ဖြစ်ကြောင်းသိရပါသည်။ လွန်ခဲ့သည့် ၁၁ လတွင် ဗီယက်နမ်သည်နိုင်ငံနှင့်ဒေသပေါင်း ၃၁ ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုများရရှိခဲ့သည့် အဓိကဈေးကွက်များတွင် လာအို၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ အမေရိကန် နှင့် နယ်သာလန်တို့ပါဝင်ကြောင်းသိရပါသည်။ လာအိုသည် အမေရိကန်ဒေါ်လာ ၁၆၀.၆၈ သန်း ဖြင့် ဗီယက်နမ်နိုင်ငံထံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးရရှိခဲ့သည့် နိုင်ငံဖြစ်ပြီး ၎င်းတို့၏နောက်တွင် အင်ဒိုနီးရှား(အမေရိကန်ဒေါ်လာ၁၃၇.၇သန်း)၊ အိန္ဒိယ (အမေရိကန်ဒေါ်လာ ၉၀.၀၅ သန်း)၊ အမေရိကန် (အမေရိကန်ဒေါ်လာ၇၁.၃၅ သန်း)နှင့် နယ်သာလန်(အမေရိကန်ဒေါ်လာ၅၄.၆ သန်း တို့ဖြစ်ကြောင်းသိရပါသည်။ ထင်ရှားသည့်ပြည်ပ စီမံကိန်းတစ်ချို့တွင် အိန္ဒိယနိုင်ငံ တမီနာ ဒုပြည်နယ် တွင် လာမည့်ငါးနှစ်အထက်တွင် ကနဦး အမေရိကန်ဒေါ်လာ သန်း၅၀၀ ရင်းနှီးမြှုပ်နှံ မည့် VinFast ၏လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မည့်စက်ရုံနှင့် ရုရှားနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁၉၀.၉၃ သန်းစုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပြုမည့် TH Group၏ နို့စားနွားမွေးမြူပြီး ပြုပြင် ထုတ်လုပ်မည့်စီမံကိန်းတို့ ပါဝင်ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်နိုင်ငံသည် ယခုနှစ်၏ပထမ ၁၁ လ တာကာလတွင် အမေရိကန်ဒေါ်လာ ၂၂.၅၂ ဘီလီယံကျော် တန်ဖိုး ရှိသည့် စုစုပေါင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၈၁၃ ခုရရှိခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်မှုများကြီးထွားလာခြင်းသည် ဗီယက်နမ်လုပ်ငန်းများ၏ အားကောင်းစွာနိုင်ငံတကာ ဈေးကွက်တိုးချဲ့မှုနှင့် ရှင်းလင်းသော ဈေးကွက် ကွဲပြားမှု လမ်းကြောင်း ကို ရောင်ပြန်ဟပ် နေကြောင်းသိရပါသည်။
DOCA(ရန်ကုန်)