အစိုးရ၏မက်လုံးများကြောင်းဗီယက်နမ်နိုင်ငံ၏နိုဝင်ဘာလကား‌ရောင်းချမှုမြင့်တက်

Powered by Drupal

          ဗီယက်နမ်နိုင်ငံမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (VAMA) က ၎င်းတို့၏အဖွဲ့ဝင် ကုမ္ပဏီများသည် နိုဝင်ဘာလတွင် မော်တော်ယာဉ်အစီးရေ ၄၄၂၀၀ ရောင်းချခဲ့ရပြီး အောက်တိုဘာ လထက် ၁၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့က ကြေညာ ခဲ့သည်ဟု သိရပါသည်။ ထိပ်ဆုံးကဦးဆောင်နေသည့်ကားအမျိုးအစားမှာ ခရီးသည်တင်ကား ဖြစ်ပြီး အစီးရေ ၃၄၈၃၅ ရောင်းချခဲ့ရပြီး ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ၎င်းတို့နောက် တွင် လုပ်ငန်းသုံးယာဉ်က အစီးရေ ၉၀၁၇ (၉ရာခိုင်နှုန်းမြင့်တက်)နှင့် Special-purpose ယာဉ်ကအစီးရေ ၃၄၈ ဖြင့် (၅၄ ရာခိုင်နှုန်းမြင့်တက်)ခဲ့ကြောင်းသိရပါသည်။ ထိုအစီးရေများထဲ တွင် ပြည်တွင်း၌တပ်ဆင်သည့်ယာဉ်‌ရောင်းချရမှုမှာ အစီးရေ ၂၅၁၁၄ ဖြင့် ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အပြည့်အဝတင်သွင်းလာသည့် ယာဉ်ရောင်းချရမှုမှာ အစီးရေ ၁၉၀၈၆ ဖြင့် ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ VAMA ၏အဆိုအရ နိုဝင်ဘာလကားရောင်းချမှု မြင့်တက်လာရခြင်းမှာ စက်တင်ဘာ-နိုဝင်ဘာလကာလအတွင်းသက်ရောက်သည့် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်ကားများအတွက် မှတ်ပုံတင်ကြေးကို ၅၀ ရာခိုင်နှုန်းလျှော့ချပေးမည်ဟု ကမ်းလှမ်းခဲ့သည့် အစိုးရ၏မူဝါဒကြောင့်ဖြစ်ကြောင်းသိရပါသည်။ ဇန်နဝါရီလမှနိုဝင်ဘာလ ကာလအတွင်း VAMA အဖွဲ့ဝင်များရောင်းချခဲ့သည့် ကားအရေအတွက်မှာ စုစုပေါင်းအစီးရေ ၃၀၈၅၄၄ ရှိပြီး ၂၀၂၃ တူညီသည့်ကာလထက် ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထို ၁၁ လတာကာလအတွင်း ကားရောင်းချရမှုမှာ၂၀၂၃ တူညီသည့်ကာလထက် ခရီးသည်တင်ကား (၁၈ ရာခိုင်နှုန်းမြင့်တက်)၊ လုပ်ငန်းသုံးကား(၁၆ ရာခိုင်နှုန်းမြင့်တက်)နှင့် Special-purpose ကား (၁၇ရာခိုင်နှုန်းမြင့်တက်)ခဲ့ကြောင်းသိရပါသည်။ ကျွမ်းကျင်သူများကမူ နိုဝင်ဘာလတွင် မော်တော်ယာဉ်ကဏ္ဍအားလုံး ရောင်းချရမှုမြင့်တက်လာခြင်းသည် ဗီယက်နမ်မော်တော်ယာဉ် ဈေးကွက်တွင် ပြန်လည်နာလံထူလာသည့် ရှင်းလင်းသည့်လက္ခဏာဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

DOCA(ရန်ကုန်)