အမေရိကန်ကုမ္ပဏီ Stabil Nutrition LLC နှင့် ကမ္ဘောဒီးယားပြည်တွင်းကုမ္ပဏီ Amru Rice (Cambodia) တို့သည် အမေရိကန်ဈေးကွက်သို့တင်ပို့ရန်အတွက် ဖွဲနုပြင်ပြင်ရေးစက်ရုံ တည်ဆောက်ရန်အတွက် ပူတွဲရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ Sun Chanthol ၊ Amru Rice (Cambodia) ၏ ဥက္ကဋ္ဌ Song Saran နှင့် Stabil Nutrition LLC ၏ ဥက္ကဋ္ဌ Michael A. Tarrasch တို့သည် ၉-၁၂-၂၀၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ အမေရိကန် ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ကမ္ဘောဒီးယားနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံခြင်းသည် အရည် အသွေးစံနှုန်းသတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမေရိကန်ဈေးကွက်သို့ တင်ပို့ရန်အတွက် ကမ္ဘောဒီးယား၏ အော်ဂဲနစ်ဖွဲနုထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့်ပြုပြင်ခြင်း အတွက်သိသာထင်ရှားသောခြေလှမ်းအသစ်တစ်ခုဖြစ်ကြောင်း Sun Chanthol မှပြောကြားခဲ့ သည်။ Sun Chanthol သည် CDC ၏ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အခွန်ကင်းလွတ်ခွင့်များနှင့် မတ်လုံးများမှတဆင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးရန် ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) ၏ မျှော်မှန်းချက်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှ ဆန်ဖွဲနုများထုတ်လုပ်ခြင်းနှင့်တင်ပို့ခြင်းတွင် ကုမ္ပဏီနှစ်ခု၏ရင်းနှီး မြှုပ်နှံမှုများအောင်မြင်စေရန်အတွက် ဆက်လက်တိုက်တွန်းခဲ့သည်။
DOCA(ရန်ကုန်)