ကမ္ဘောဒီးယားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည်နှစ်နိုင်ငံဆက်ဆံရေး အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ခိုင်မာအားကောင်းရန်အခွင့်အလမ်းများကို အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen နှင့် ဆော်ဒီအာရေဗျနိုင်ငံတော်အတိုင်ပင်ခံညီလာခံဥက္ကဋ္ဌ Abdullah Mohammed Ibrahim Al-Sheikh တွင်ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံလုံးသည် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုတိုးမြှင့်ရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းအသစ်များ ရှာဖွေရန်ကြိုးပမ်းနေချိန် တွင် ယခုကဲ့သို့ပေါ်ထွက်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယားသည် ဆန်ထုတ်လုပ်မှုနှင့်ဆန်ပိုလျှံမှု ကြွယ်ဝပြီး အထူးသဖြင့် ဆော်ဒီအာရေဗျသို့ ပြည်ပဆန်တင်ပို့မှုပိုမိုနိုင်သည်ဟု တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆော်ဒီအာရေဗျနှင့် ဒေသတွင်းနိုင်ငံများသို့ဆန်တင်ပို့ရန်အတွက် ဆန်ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းနှင့် ထုတ်ပိုးခြင်းတို့အတွက် စက်ပစ္စည်းများတည်ထောင်ရာတွင် ဆော်ဒီအာရေဗျ ရင်းနှီးမြှုပ်နှံသူများကို အားပေးရန် Abdullah Mohammed Ibrahim Al-Sheikh ကတောင်းဆိုထားသည်။ အဆိုပြုထားသော သဘောတူညီချက်သည် ကမ္ဘောဒီးယား ဆန်ကို ဆော်ဒီအာရေဗျဈေးကွက်သို့ တင်ပို့ရန်ရည်ရွယ်ထားပြီး ကမ္ဘောဒီးယားလယ်ယာထွက် ကုန်ပစ္စည်းတင်ပို့မှုကိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ ဆန်ဈေးကွက်ကို ချဲ့ထွင်ကာအလားအလာရှိသော ဝယ်ယူသူများထံမှ စိတ်ဝင်စားမှုကိုရရှိခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံးနိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံသည် စီးပွားရေးတိုးတက်မှုကို ကြုံတွေ့နေရပြီး ကမ္ဘောဒီးယားဆန် ဈေးကွက်အတွက် အလားအလာရှိပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကအတွက် ဈေးကွက် ချဲ့ထွင်ရာတွင် အရေးပါသောခန်ကဏ္ဍမှပါဝင်နေကြောင်း CRF ကထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယား-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆ သန်းရှိခဲ့ပြီး ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းတိုးလာကာ အမေရိကန်ဒေါ်လာ ၁၉ သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက် အလက်များအရသိရသည်။
DOCA(ရန်ကုန်)