ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen က ကမ္ဘောဒီးယားနှင့်ကာတာ အကြား ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတိုးမြှင့်ရန်တောင်းဆိုခဲ့သည်။ ကာတာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Sheikh Faisal Bin Thani Al-Thani နှင့် The Qatar Investment Authority (QIA) ၏ CEO Mohammed Al Sowaidi တို့အား ကာတာနိုင်ငံ၊ Doha မြို့တွင် ၁၀-၁၂-၂၀၂၄ ရက်နေ့ကတွေ့ဆုံစဉ်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ Hun Sen က ကာတာ နှင့် ကမ္ဘာ့ဈေးကွက်များသို့တင်ပို့နိုင်သည့် အလားအလာရှိသည့် ဆန်၊ သီဟိုဠ်စေ့၊ ပီလောပီနံနှင့် အခြားသီးနှံများအပါအဝင် ကမ္ဘောဒီးယားစိုက်ပျိုးရေးကဏ္ဍတွင် ရရှိနိုင်သည့် အခွင့်အလမ်းများ ကိုအလေးပေးပြောကြားခဲ့သည်။ Sheikh Faisal Bin Thani Al-Thani သည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ အချက်အလက်များ ကိုမျှဝေပေးသည့်အတွက် Hun Sen အားကျေးဇူးတင်ရှိကြောင်း၊ သဘောတူညီချက်နှစ်ခုကို လက်မှတ်ရေးထိုးနိုင်ရေးအတွက်နှစ်နိုင်ငံလုံးမှ အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
DOCA(ရန်ကုန်)