ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က နိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) နိုင်ငံများနှင့်ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၃၁.၃၆ ဘီလီယံအထိ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ RCEP ဈေးကွက်သည် ကမ္ဘောဒီးယားအတွက် အရေးပါသောဈေးကွက် တစ်ခုဖြစ်ပြီး နိုင်ငံ၏စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၆၂.၁ ရာခိုင်နှုန်းခန့်ရှိကြောင်း ကမ္ဘောဒီးယား ကုန်စည်ပြပွဲ ၂၀၂၄တွင် အဖွင့် မိန်းခွန်းတွင် ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားသည် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ၊ ASEAN+1 လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်၊ RCEP၊ တရုတ်နှင့်နှစ်နိုင်ငံလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုးထားသည်ဟု Nimul မှ ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သည် တောင်ကိုရီးယား နှင့် UAE နိုင်ငံတို့နှင့်မကြာမီတွင် ပို့ကုန်လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများနှင့် ကုန်သည်များအား ၎င်းတို့၏လုပ်ငန်းများအတွက် အသင့်တော်ဆုံးဦးစားပေးကုန်သွယ်မှုစနစ် သို့မဟုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို ရှာဖွေရွေးချယ်နိုင်စေမည့် အရာတစ်ခုဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သူမကပြောကြားခဲ့သည်။ အကောက်ခွန်အစီအစဉ်များနှင့် မူရင်း စည်းမျဉ်းများအပါအဝင် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များဆိုင်ရာ အဓိကအချက်အလက်များကိုလည်း ပေးဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။ RCEP တွင် အာဆီယံ အဖွဲ့ဝင်(၁၀)နိုင်ငံနှင့် ၎င်းတို့၏ကုန်သွယ်ဖက်ငါးနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိနိုင်ငံ ၁၅ နိုင်ငံပါဝင်ပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ဖြစ်သည်။ ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP သည် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတိုးတက်မှုအတွက် အထောက်အကူ ဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမျာအတွက် အားထားရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကာကွယ်ရေးဝါဒမြင့်တက်လာပြီး ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားကျဆင်းနေသော်လည်း RCEP သည် ဒေသတွင်းကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် အကျိုးကျေးဇူးများစွာ ဆောင်ကျဉ်းပေးကြောင်း ပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)