ကုန်စုံဆိုင်ကြီးများတွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု- ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၁၄.၁၂.၂၀၂၄ ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၈၈) ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(88) ဈေးအတွင်းရှိ ကုန်စုံဆိုင် များတွင် ရောင်းချလျက်ရှိသော စားသုံးဆီများဖြစ်သည့် ပုဇွန်နှစ်ကောင်၊ DUCK တံဆိပ်၊ အမေထွားစသည့် စားသုံးဆီများတွင် ကုန်ညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စားဆီဘူးများတွင် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံမှန်ကန်​စွာ ဖော်ပြထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)