လက်လီ/လက်ကား အရောင်းစင်တာ (Makro) အတွင်းရှိ စားသောက်ကုန်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် ၁၆.၁၂.၂၀၂၄ ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် Makro မှ တာဝန်ကျတာဝန်ခံနှင့်တွေ့ဆုံ၍ အမှတ်(၃၂၂)၊ အထက်ပုဇွန်တောင်လမ်း၊  မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ လက်လီ/လက်ကား အရောင်းစင်တာ (Makro)အတွင်းရှိ စားသောက်ကုန် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် (Makro) အတွင်းရှိ စားသောက်ကုန်အမျိုးမျိုးအား စစ်ဆေးရာ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော စားသောက်ကုန်အမျိုးအစားပေါင်း (၅) မျိုးကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)