ပေါင်းတည်မြို့နယ် ၃၇လမ်း မူလတန်းကျောင်းတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

   နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ဆက် ဦးစီးဌာနတို့ ပူးပေါင်း၍ (၂၃.၁၁.၂၀၂၄)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ပေါင်းတည်မြို့နယ် ၃၇လမ်း မူလတန်းကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

           ထိုသို့ပြုလုပ်ရာတွင်  စားသုံးသူရေးရာဦးစီးဌာန၊  မြိုနယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက ကျောင်းသား/ကျောင်းသူများအား သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင် သောမုန့်များဝယ်ယူ စားသောက်ကြရန် အသိပညာပေး ဟောပြောခဲ့ပါသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝင်းမြသန်းမှလည်း ကလေးသူငယ်များအား စက္ကူ ပြဇာတ်သရုပ်ဖော်များပြသခဲ့ပြီး ပုံပြင်များ၊ ပုံပြင်စာအုပ်များဝေပြီး ဖတ်ခိုင်းကာ စာဖတ်ခြင်းမှ ရရှိသော အကျိုးကျေးဇူးများ အကြောင်းအသိပညာပေး ဟောပြောခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)