(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် တောင်ငူမြို့ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြခန်းဖွင့်လှစ်ပြသ

Powered by Drupal

 ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တောင်ငူ မြို့ အမှတ် ၂၁ ရပ်ကွက်ရှိ ရန်ကုန်-မန္တလေးလမ်းမကြီးရှိ မိုင်ဒါကွင်း၌ တောင်ငူမြို့ရှိ တက္ကသိုလ်များ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာပြခန်းခန်း၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ ဈေးဆိုင်များ၊ ကလေး အားကစားကွင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိပါသည်။

              တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူ ခရိုင်ဦးစီးမှူးရုံးသည် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြခန်းတစ်ခန်းဖွင့်ပြသလျှက်ရှိသကဲ့သို့ ဒေသထွက်ကုန်အရောင်းပြခန်း (၅)ခန်းကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

              စားသုံးသူရေးရာဦးစီးဌာနမှ ပြခန်းအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်း စရာ အသိပညာပေး ဗွီနိုင်းချိတ်ဆွဲပြသခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း များကို ဆောင်ရွက်လျှက်ရှိကြောင်း၊ ဌာနဆိုင်ရာပြခန်းများနှင့် ဒေသထွက်ကုန်အရောင်းပြခန်းများ ကို ဇန်နဝါရီလ ၂ ရက်မှ ၆ ရက်နေ့ အထိ ၅ ရက်တိုင်တိုင် ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရပါ သည်။

DOCA(ပဲခူး)