
ဟွန်ဒါဗီယက်နမ်၏နိုဝင်ဘာလတွင် မော်တော်ဆိုင်ကယ်နှင့်ကားရောင်းချမှုနှစ်မျိုးစလုံးသည် အားကောင်းစွာ ကြီးထွားခဲ့ကြောင်း သိရပါသည်။ နိုဝင်ဘာလတွင် ၎င်းတို့သည် မော်တော် ဆိုင်ကယ်စီးရေ ၂၂၀၉၄၅ စီးရောင်းချခဲ့ရပြီး အောက်တိုဘာလထက် ၂၀.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုသို့မြင့်တက်မှုကြောင့် ဟွန်ဒါဗီယက်နမ်၏ ၂၀၂၅ ဘဏ္ဍာနှစ် (ဧပရယ် ၂၀၂၄ မှ မတ် ၂၀၂၅ ထိရောင်းချရမှုစုစုပေါင်းမှာ အစီးရေ ၁၄၃၄၂၆၁ စီးရှိပြီဖြစ်ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၇.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအထင်ကြီးဖွယ်ရလဒ်သည် ဗီယက်နမ်ဈေးကွက်ဝေစု၏ ၈၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်ထားသည့် ဟွန်ဒါ၏တည်နေရာ ကို ပိုမိုအားကောင်းစေခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းရောင်းချရမှုအပြင် ဟွန်ဒါဗီယက်နမ်သည် များစွာသောနိုင်ငံတကာဈေးကွက်များသို့ ဆိုင်ကယ်အစီးရေ ၁၈၇၀၁ စီး တင်ပို့ခဲ့ကြောင်း သိရပါသည်။ Honda Vision နှင့်Honda SH ကဲ့သို့သော အဓိက Scooter မော်ဒယ်များမှာ လူကြိုက်များသည့်ဂီယာမော်တော်ဆိုင်ကယ်များနှင့်အတူ ၎င်းတို့၏ခေတ်မီဒီဇိုင်း၊ ကြာရှည်ခံသောအင်ဂျင်၊ လောင်စာချွေတာနိုင်စွမ်းစသည်တို့ကြောင့် ဈေးကွက်ကိုဦးဆောင်နေကြောင်း သိရပါသည်။ မော်တော်ကားရောင်းချရမှုတွင် ၎င်းတို့သည် နိုဝင်ဘာလတွင် အစီးရေ ၄၆၃၃ စီးရောင်းချခဲ့ရပြီး အောက်တိုဘာလကထက် ၂၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Honda City မော်ဒယ်သည် အစီးရေ ၂၃၂၇ စီးဖြင့် ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး ဗီယက်နမ်၏အရောင်းရဆုံးမော်တော်ကား ၁၀ မျိုးတွင် တတိယနေရာ၌ရပ်တည်နေကြောင်း သိရပါသည်။ ၂၀၂၅ ဘဏ္ဍာနှစ်အတွက် မော်တော်ကားစုစုပေါင်းအစီးရေ ၁၉၇၇၄ စီးရောင်းချခဲ့ပြီး ဖြစ်ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ လူကြိုက်များသောမော်ဒယ်များမှာ Honda CR-V၊Honda City နှင့်Honda BR-V တို့ဖြစ်ကြောင်း သိရပါသည်။ သီးခြားအနေဖြင့် အစိုးရ၏မော်တော်ယာဉ်မှတ်ပုံတင်ကြေး ထောက်ပံ့ပေးမှုနှင့် ကုမ္ပဏီ၏ကြေညာမြှင့်တင်ရေးပရိုဂရမ်များကလည်း ဝယ်ယူမှုအရှိန်မြှင့်တက်ရာတွင် ပံ့ပိုးပေးခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)