ပခုက္ကူမြို့ပေါ်ရှိ ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၁.၁၂.၂၀၂၄)ရက်၊ နံနက်(၁၀:၃၀)အချိန်တွင် ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်(၂၀)ဦး နှင့်တွေ့ဆုံပြီး MyRo နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အကြောင်း အရာများအား ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

      ခရိုင်ဦးစီးမှူးက ဆန်တန်ချိန် ၂၅ အထက် (သို့) စပါး တင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် MyRo တွင် ဆန်/စပါးသိုလှောင်ရုံ များ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရန် ကျန်ရှိနေသည့် ဆန်စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်ထားရှိရေးနှင့် (၂၃.၁၂.၂၀၂၄)ရက်နေ့နှင့် နောက်ပိုင်းတွင် မှတ်ပုံတင်လျှောက်ထားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန် (၁၁)ချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့်တာဝန်များကိုလည်း ဆွေးနွေးခဲ့ပါသည်။ တက်ရောက် လာသည့်ဆန်လုပ်ငန်းရှင်များမှလည်း ရောင်းဝယ်နေမှုအခြေအနေများကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)