၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ခေတ္တပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ ငါးရောင်းချနေသောဆိုင်များသို့ အသား/ငါးများ သန့်ရှင်း လတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသော ရောင်းချခြင်းစနစ်ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သီရိမင်္ဂလာဈေးအတွင်း ရောင်းချနေသော အသား/ငါးများမှာ မျက်မြင်အခြေအနေအရ သန့်ရှင်းလတ်ဆတ်မှုရှိပြီး ဒေသထွက် ငါးများသာမက အခြားဒေသမှငါးများပါမှာယူတင်သွင်းရောင်းချသည်ကို တွေ့ရှိရပြီး အသား /ငါး ရောင်းချသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအားအမြဲဂရုပြုရန်၊ ယင်လုံဇာများဖြင့် ဖုံးအုပ်ရောင်းချကြရန်၊ ငါးများ မှာယူတင်သွင်းရာတွင် စနစ်တကျ သယ်ယူပို့ဆောင်ကြရန်နှင့် လတ်ဆတ်မှုမရှိသော အသား/ငါးများနှင့် ကူးစက်ရောဂါရနေသော အသားငါးများအား ရောင်းချခြင်းမပြုရန် အသား/ငါးရောင်းချနေသောဆိုင်များအား အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)