ငါးနှစ်ကြာ သယ်ယူပို့ဆောင်ရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးပြီးနောက် ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ဥရောပသို့ ပို့ဆောင်ခြင်းအား ၁.၁.၂၀၂၅ ရက်နေ့တွင် ရပ်ဆိုင်းလိုက်ကြောင်း ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ သည်။ မနက် ၇ နာရီ (၅:၀၀ ဂရင်းနစ်စံတော်ချိန်) မှာ ယူကရိန်းပိုင်နက်အားဖြတ်ကျော်၍ ရုရှား သဘာ၀ဓာတ်ငွေ့ သယ်ယူပို့ဆောင်မှုကို ရပ်တန့်ခဲ့ကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယူကရိန်းသည် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဓာတ်ငွေ့ ဖြတ်သန်းမှုကို ရပ်စဲကြောင်း ၎င်း၏ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များအား အကြောင်းကြား ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ယူကရိန်းဓာတ်ငွေ့ သယ်ယူပို့ဆောင် ရေးစနစ်ကို သုညအကူးအပြောင်းမုဒ်တွင် လည်ပတ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ယူကရိန်း စားသုံးသူများ အတွက် ယုံကြည်စိတ်ချရသော ဓာတ်ငွေ့များ ပေးဝေနိုင်စေရန် အာမခံထား ကြောင်း သိရသည်။ ထိုနေ့တွင်ပင် ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom က ယူကရိန်းဘက်မှ သဘောတူညီချက်များ သက်တမ်းကုန်ဆုံးပြီး ယူကရိန်းဘက်မှ သက်တမ်းတိုးခြင်း မရှိခြင်း ကြောင့် ယူကရိန်းမှတစ်ဆင့် ဓာတ်ငွေ့ပေးဝေမှုကို ရပ်တန့်လိုက်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရပိုင် စွမ်းအင် ကုမ္ပဏီ Naftogaz နှင့် ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့လုပ်ငန်းကြီး Gazprom တို့ကြား ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး သဘောတူညီချက်သည် 2019 ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံး ခဲ့သည်။ပြီးခဲ့သည့်နှစ်က ယူကရိန်းသည် ရုရှားဓာတ်ငွေ့ ကုဗမီတာ ၁၅.၄၃ ဘီလီယံကို ဥရောပသို့ ပို့ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၅.၇ ရာခိုင်နှုန်း တိုးလာသည်ဟု မီဒီယာများက ဖော်ပြချက်အရ သိရသည်။
DOCA(ရန်ကုန်)