ဇိမ်ခံပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် အင်ဒိုနီးရှားသည်တန်ဖိုးမြှင့်အခွန် (VAT) ၁၂%ကို စတင်အကောင်အထည်ဖော်

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံသည် ဇိမ်ခံပစ္စည်းများနှင့် ဝန်ဆောင်မှုများအပေါ် တန်ဖိုးမြှင့်အခွန် ၁၂ ရာခိုင်နှုန်း (VAT) ကို ဇန်န၀ါရီ ၁ ရက်၌ စတင် စည်းကြပ်လိုက်ကြောင်း သိရသည်။ ၁၂ ရာခိုင်နှုန်း VAT ပါ၀င်သည့် ကုန်ပစ္စည်းများတွင် ကိုယ်ပိုင်ဂျက်လေယာဉ်များ၊ အပျော်စီး သင်္ဘောများ၊ ရွက်လှေများ၊ ဇိမ်ခံအိမ်များနှင့် ဇိမ်ခံပစ္စည်းများအဖြစ် သတ်မှတ်ထားသည့် အခြားပစ္စည်းများပါဝင်သည်။ အများပြည်သူသုံးသော ကုန်စည်နဲ့ ဝန်ဆောင်မှုများအတွက် VAT ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ဆန်၊ အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်၊ နို့၊ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး၊ ဇိမ်ခံမဟုတ်သော အိမ်ရာများ၊ သောက်သုံးရေများလည်း ပါဝင်ကြောင်းအင်ဒိုနီးရှားသမ္မတ Prabowo Subianto က အင်္ဂါနေ့နှောင်းပိုင်းတွင် ဂျကာတာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ VAT တိုးခြင်းသည် ပြည်သူများ၏ ဝယ်ယူမှုစွမ်းအားကို သိသာထင်ရှားစွာ မထိခိုက်စေကြောင်း သေချာစေရန် အင်ဒိုနီးရှားအစိုးရ သည် စီးပွားရေး မက်လုံးများ ထုတ်ပေးမည်ဖြစ်ကြောင်း Prabowo မှ ပြောကြားခဲ့သည်။ VAT မြှင့်တင်ခြင်းသည် အင်ဒိုနီးရှား၏ အထူးသဖြင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဒစ်ဂျစ်တယ် စက်မှုလုပ်ငန်းနှင့် အခြားတရားမ၀င်သော ကဏ္ဍများကဲ့သို့သော စီးပွားရေးကဏ္ဍများတွင် စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

DOCA(ရန်ကုန်)