ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဆန်တင်ပို့မှု ခွဲတမ်းများတိုးမြှင့်ရန် သဘောတူ

Powered by Drupal

 ကမ္ဘောဒီးယားနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ဆန်တင်ပို့မှုခွဲတမ်းတန်ချိန် ၅၀၀,၀၀၀ သို့ တိုးမြင့်ရန်သဘောတူညီချက်အသစ်ကို (၁-၁-၂၀၂၅) ရက်နေ့တွင်စတင်ခဲ့ကြပြီး  ယခင်ခွဲတမ်း တန်ချိန် ၄၀၀,၀၀၀ မှ ၂၅ ရာခိုင်နှုန်းအထိတိုးမြှင့်ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန် အတွက်အဓိကဈေးကွက်ဖြစ်သောကြောင့် ဆန်တင်ပို့မှုခွဲတမ်းတိုးမြှင့်ခြင်းသည် ကမ္ဘောဒီးယား ၏ဆန်တင်ပို့မှုကိုမြှင့်တင်ရန်နှင့် နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍအတွက် သိသာထင်ရှားသော တိုးတက်မှုကိုပံ့ပိုးပေးနိုင်ရန်မျှော်လင့်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ကမ္ဘောဒီးယားဆန်ဈေးကွက်ချဲ့ထွင်ရန်အတွက် ဒေသတွင်းနိုင်ငံတချို့နှင့်စေ့စပ် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ကပြောကြားခဲ့သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ပြောရေး ဆိုခွင့်ရှိသူ Im Rachna က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားလယ်ယာထွက်ကုန် များအတွက် အဓိကဈေးကွက်တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အခြားမဟာမိတ်နိုင်ငံများ သည် ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထွက်ကုန်ဝယ်ယူမှုများကြောင့် နိုင်ငံ၏စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုကို သိသိသာသာအထောက်အကူဖြစ်စေပြီး ပြည်သူများအထူးသဖြင့် လယ်သမားများ အတွက် အကျိုးကျေးဇူးများစွာရရှိစေနိုင်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၁ လအတွင်း ပြည်ပသို့ဆန် ၅၇၅,၅၆၂ တန်တင်ပို့ခဲ့ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁၃.၉ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) က ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း နိုင်ငံပေါင်း ၆၇ နိုင်ငံသို့ဆန်တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသည် ကုန်စည်၏အဓိကဝယ်ယူသည့်နိုင်ငံ များထဲမှတစ်နိုင်ငံဖြစ်ကြောင်းဖော်ပြထားသည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်သည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် တစ်သန်း တင်ပို့ရန်ရည်ရွယ်ထားပြီး ထုတ်လုပ်မှုနှင့်သိုလှောင်မှုမြှင့်တင် ရန်နှင့် နိုင်ငံတကာဈေးကွက်တွင် ကမ္ဘောဒီးယား၏ဆန်အရည်အသွေးနှင့်စံချိန်စံနှုန်းများကို မြှင့်တင်ရန်အတွက် တောင်သူလယ်သမားများကိုတိုက်တွန်းထားသည်။

DOCA(ရန်ကုန်)