ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း(CAC) သည် သီဟိုဠ်စေ့အထွက်နှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အကျိုးသက်ရောက်နိုင်သည့် ၂၀၂၅ ရိတ်သိမ်းရာသီအတွင်း ရာသီဥတု ဆိုင်ရာအန္တရာယ်များလျော့ပါးစေရန် ၎င်းတို့၏ လယ်ယာများကိုပုံမှန်စောင့်ကြည့်ရန် တိုက်တွန်း ထားသည်။ (CAC) မှ (၁-၁-၂၀၂၅) ရက်နေ့တွင်ထုတ်ပြန်ခဲ့သောကြေညာချက်တွင် သီဟိုဠ်စေ့ စိုက်ပျိုးသူအားလုံးကို မိုးရွာသွန်းမှုသည် ၂၀၂၅ ခုနှစ်တွင် ခြောက်သွေ့ရာသီဥတုသို့ရောက်ရှိနိုင် သောကြောင့် သီဟိုဠ်စေ့စိုက်ပျိုးခင်းများကို အထူးဂရုပြုရန်တောင်ဆိုထားသည်။ စိုထိုင်းဆ မြင့်မားခြင်းကြောင့် အင်းဆက်ပိုးမွှားများအလျင်အမြန်ပေါက်ဖွားစေခြင်း၊ ပိုးမွားများသည် သီဟိုဠ်စေ့အပါအဝင် အခြားပန်းပွင့်များကိုဖျက်စီးခြင်းကြောင့် သီဟိုဠ်စေ့သီးနှံများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာစေခဲ့သည်။ ယင်းစိန်ခေါ်မှုများအား အချိန်မီမလုပ်ဆောင်နိုင်ပါက သီဟိုဠ်စေ့အထွက်နှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိလျော့နိုင်ကြောင်း အစီရင်ခံစာ တွင်ဖော်ပြထားသည်။ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန (MOWRAM) မှ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပြည်သူများအား ရေကိုဂရုတစိုက်ထိန်းသိမ်း ကြရန် အထူးသဖြင့် ရေအရင်းအမြစ်နှင့်ဝေးကွာသောကျေးလက်ဒေသများတွင် ရေသုံးစွဲမှုကို စနစ်တကျရှိစေရန် တိုက်တွန်းထားခဲ့သည်။ ခြောက်သွေ့သောရာသီဥတုတွင် မိုးရေချိန်သည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း မိုးအကြိုရာသီ၌ ပျမ်းမျှအားဖြင့် မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းများမကြာခဏဖြစ်ပွားလေ့ရှိကြောင်းနှင့် မြေနိမ်းပိုင်းနှင့်ကမ်းရိုးတန်းဒေသများတွင် ယခင်နှစ်များထက်မိုးရွာသွန်းမှုပိုမိုများပြားနိုင်ကြောင်း၊ ယခင်နှစ်မိုးရာသီနှင့်နှိုင်းယှဉ်ပါက ယခုနှစ်မိုးရာသီသည် အစောပိုင်းတွင်စတင်နိုင်ပြီး ၂၀၂၅ ခုနှစ်၊ မေလပထမနှစ်ပတ်အတွင်း စတင်နိုင်ကြောင်း (MOWRAM) မှ ခန့်မှန်းထားသည်။
DOCA(ရန်ကုန်)