သာပေါင်းမြို့နယ်၌ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံ၍ သီဟိုဠ်အကြောင်းသိကောင်းစရာများအား လေ့လာဆွေးနွေး

Powered by Drupal

     ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စု၊ ကြက်သွန်ကွင်းကျေးရွာ၌ ၁၄.၁၂. ၂၀၂၄ ရက်နေ့တွင် ပုသိမ်မြို့ နည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်း သင်တန်းနည်းပြဆရာနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးထွန်းမင်းလတ်၊ မြို့နယ်သီဟိုဠ်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် တွေ့ဆုံ၍ ကျောင်းအုပ် ဆရာကြီး က သင်တန်းကျောင်းမှ တီထွင်ထုတ်လုပ်ထားသော သီဟိုဠ်စေ့ခွဲစက်ငယ်အား ပြသခဲ့ပါသည်။ ခွဲစက်ငယ် မှာ ပုံမှန်လက်လုပ် (၁) စေ့ချင်း ခွဲစက်ငယ်ထက် ပိုမိုခွဲပေးနိုင်သော ခွဲစက်အမျိုးအစားအား တီထွင်ပေး ထားခြင်းဖြစ်ပါသည်။ ပုံမှန် (၁) စေ့ချင်းလက်လုပ်ခွဲစက်ငယ်သည် (၁) နာရီတွင် အစေ့ရေ (၃၀၀) ခွဲနိုင် မည်ဆိုပါက၊ ယခုတီထွင်ထားသော ခွဲစက်ငယ်သည် (၁) နာရီတွင် အစေ့ရေ (၁၅၀၀) ခန့် ခွဲပေးနိုင်မည် ဖြစ်ပါသည်။

     သင်တန်းကျောင်းမှ တီထွင်ထားသော ခွဲစက်ငယ်သည် အစေ့ (၂) စေ့အား တစ်ပြိုင်နက်ခွဲ ပေးနိုင်သော ခွဲစက်အမျိုးအစား အဖြစ်တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး လက်လှည့်နိုင်ခြင်း၊ ခြေဖြင့် ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ ပူလီဘီးဖြင့်တပ်ဆင်၍ အင်ဂျင်ဖြင့်တွဲလျက် အသုံးပြုနိုင်ခြင်း၊ လျှပ်စစ်ဖြင့် မော်တာအသုံးပြုနိုင်ရန် တီထွင်ဖန်တီးထားခြင်းဖြစ်၍ အဆင့်ပိုမိုမြင့်နိုင်လေ အရေအတွက် အလေးချိန် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ သီဟိုဠ်စေ့အား အစိမ်းခွဲခြင်းထက် မီးဖြင့်အပူပေးပြုတ်ပြီးခွဲနိုင်ရေး၊ ဆက်လက်တီထွင်ဖန်တီးရေးနိုင်ရေးအသင်းသားများနှင့် တွေ့ဆုံခြင်း၊ သီဟိုဠ်ခွဲစက်ငယ်အား ကြည့်ရှု လေ့လာခြင်း၊ သီဟိုဠ်စေ့ရာသီ၊ ကုန်ကြမ်းအခြေအနေ၊ အထွက်နှုန်းများ၊ လုပ်သားအင်အား၊ ကုန်ချော ထုတ်လုပ်မှု အခြေအနေနှင့် ဈေးကွက်များအကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)