ဟင်္သာတမြို့နယ်တွင် စားသုံးသူရေးရာအသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၃.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က  စားသုံးသူရေးရာဦးစီးဌာနသည် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ပြည်သူများ စည်ကားရာ နေရာများတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချခြင်းကို ၂၆.၁၁.၂၀၂၄ ရက်မှ စတင်၍ ရောင်းချလျက်ရှိ ကြောင်း၊ ကုန်ဈေးနှုန်းအနည်းငယ်ပြောင်းလဲရခြင်းမှာ ငွေကြေးစနစ်ကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း၊ မြေငှားရမ်းခ တွက်ခြေကိုက်မှုမရှိခြင်း၊ ဈေးကွက်အတွင်း ဝယ်လိုအား၊ ရောင်းလို အားမမျှတခြင်းကြောင့် လည်းကောင်း၊ ကုန်ပစ္စည်း လက်ကျန်နည်းပါးခြင်း၊ ဒေသထွက်သီးနှံများ ဖြစ်ထွန်းမှုနည်းပါးခြင်းကြောင့် ကုန်ဈေးနှုန်းအနည်းငယ်ပြောင်းလဲရခြင်းဖြစ်ကြောင်း   အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)