စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၃.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)အချိန်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင် FDA အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံများတွင် ရောင်းချသောဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ သာမန်ထိန်းချုပ်ဆေး၊ အထူးထိန်းချုပ်ဆေးနှင့်ပတ်သတ်၍ ရှောင်တခင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံများတွင် ရောင်းချသော ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ သာမန်ထိန်းချုပ်ဆေး၊ အထူးထိန်းချုပ်ဆေးများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင် ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်ဆေးဝါးများ သုံးစွဲမှုမရှိစေရေးစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ အရောင်းဆိုင်(၇)ဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)