စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်တာဝန်ခံသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၃.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ စွယ်တော်လမ်းရှိ “အောင်ပြည့်ဟိန်း” သောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် ပုဂ္ဂလိကစက်ရုံများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံချက်ရှိ/မရှိနှင့် စက်ရုံပတ်ဝန်းကျင်သန့်ရှင်းမှု၊ ကုန်ကြမ်း၊ကုန်ချောထားရှိမှု အခြေအနေ၊ ရေသန့်များထုတ်လုပ်ရာတွင်အရည်အသွေးများပြည့်ဝအောင်ထုတ်လုပ်သွားရန်၊ စားသုံးသူ ရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးဘိုဘိုသည် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင် ရွက်ရမည့်အချက်များ၊ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့် ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာလိုက်နာဆောင်ရွက် သွားရန်လိုအပ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)