ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၄) ရက်နေ့ ညနေ(၁၅:၀၀)နာရီတွင် ဝါးခယ်မမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီ ကိုယ်စားလှယ်များမှ စာအုန်းဆီများ တော်ဝင်ဧကရာဇ် ကုမ္ပဏီမှ (ယာဉ်အမှတ် 8I-7734) မော်တော်ယာဉ်ဖြင့် (၃၇) ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရသည်၊၊
အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲဝင်ရရှိသော စားအုန်းဆီများကို ရည်ညွှန်းဈေး ၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီလက်ကားဆိုင်များအနေဖြင့်လည့်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်းကို စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်၊၊
DOCA(ဧရာဝတီ)