မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် စာချွန်ခံရပ်ကွက်၊ စာချွန်ခံ အမက ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် တိုင်းရင်းဆေးဦးစီးဌာန နှင့် ပူးပေါင်း၍ (၁၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် အိမ်မဲမြို့နယ် ၊ စာချွန်ခံအ.မ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ/ဆရာမ များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့သည်၊၊

     ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး ဥပဒေအခန်း (၁၈) ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ထုတ်လုပ်မှုအမှတ်စဉ် ကျန်းမာရေးနှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပါသည်၊၊ ဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)