မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အောင်သပြေဈေးအတွင်း ရောင်းချနေသော မုန့်မျိုးစုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ ၁၀.၁၂.၂၀၂၄ ရက်နေ့ ၊ နေ့လယ်(၁၃:၃၀) နာရီတွင် ဝါးခယ်ခမြို့နယ် အောင်သပြေဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့်မျိုးစုံအထုတ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ အောင်သပြေဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ၊ အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့် အညီလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန် ၊ ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဌာနမှ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)