ယခုလက်ရှိစားသုံးသူများ၏ အဓိကလိုအပ်ချက်သည် အစားအသောက်ကုန်စည်နှင့် ဝန်ဆောင်မှုများကို သင့်တင့်မျှတသောဈေးနှုန်းနှင့်အဆင်ပြေစွာဝယ်ယူရရှိရန်ဖြစ် ပါသည်။ငွေကြေး ဈေးကွက်၏လှုပ်ခတ်မှုဒဏ်ကြောင့် ကုန်စည်နှင့်ဝန်ဆောင်မှု့ဈေးနှုန်းဈေးကွက်မြင့်တက်ခဲ့ရပါသည်။ လက်ရှိဈေးနှုန်းဈေးကွက်၏ ရိုက်ခက်မှုကို စားသုံးသူများအခြေခံစားသုံးသူများကိုတိုက်ရိုက် ခံစားနေ ရပါသည်။
တောင်ကြီးမြို့တွင် ဝက်သားတစ်ပိဿာ ၃၀၀၀၀ိကျပ် ၊အမဲသား ၂၄၀၀၀ကျပ်၊ကြက်သား(CP) ၂၀၀၀၀ိဈေးရှိသော်လည်း အခြေခံစားသုံးသူများနှင့်တိုက်ရိုက်ပတ်သက်မှု နည်းပါးပါသည်။ ကြက်ဥ တစ်လုံး ၄၀၀ိ-၄၅၀ိကျပ်၊ဆီတစ်ပိဿာ ပဲဆီ ၁၈၀၀၀ိကျပ်၊စားအုန်းဆီ၁၂၀၀၀ိ၊ဆန်တစ်ပြည် ၃၇၀၀ိ ကျပ်တို့ဖြင့် ရောင်းဝယ်နေကြရ ဈေးနှုန်းအသီးသီးတို့သည် စားသုံးသူနှင့်တိုက်ရိုက်ပတ်သက်နေ ပါသည်။ကုန်စိမ်းသီးနှံများတွင်လည်း အာလူးတစ်ပိဿာ ၉၀၀၀ိ၊ ပန်းဂေါ်ဖီ၃၅၀၀ိ ၊ပန်းမုံလာ ၃၂၀၀ိ ကျပ်ဖြင့် ဈေးကွက်ပေါက်နေသဖြင့် စားသုံးသူများ၏ နေ့စဉ်အိမ်စရိတ်အတွက်ခက်ခဲကျပ် တည်း နေရပေသည်။
စားသုံးသူများ၏ခက်ခဲကျပ်တည်းမှုများကို ခွဲဝေဖြေသောအားဖြင့် ရှမ်းပြည်နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့သည် သက်ဆိုင်ရာအစုအဖွဲ့အသင်းအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ကြက်ဥထုတ်လုပ်ရောင်းချသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ တစ်ပတ်လျှင် (၃)ကြိမ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့်သောကြာရက်များတွင် တောင်ကြီးမြို့၊ မြို့မဈေး၊စပ်စံထွန်းဈေး၊အမှတ်(၅)ဈေး ၊အဝေရာ ကွင်းဈေး၊ရွှေညောင်ဈေး၊အေားသာယာမြို့သစ် အေးသီရိဈေးတို့တွင့် ကြက်ဥအရောင်းဒိုင် ၆ခုမှာ တစ်ခုလျှင် ကြက်ဥ ၉၀၀၀လုံးကို တစ်လုံး၃၈၀ ကျပ်ဖြင့် လိုက်လံရောင်းချပေးခဲ့ပါသည်။
ဆီလုပ်ငန်းရှင်များအသင်းနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ကြီးကြပ်၍ ပင်စင်စားဝန်ထမ်းများ အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် တစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ပိဿာ၁၅၀၀မှ ၁၇၀၀ခန့် နှင့် ဝန်ထမ်းမိသားစုများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် တလလျှင်ပိဿာ ၂၁၀၀၀ခန့်နှင့်အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များကိုလည်းလုပ်ငန်း အလိုက်လျှောက်ထားကို စိစစ်၍ ရောင်းချ ပေးလျက်ရှိကြောင်းသိရပါသည်။ထို့အပြင် ရပ်ကွက်အတွင်းရှိ စားသုံးသူမိသားစုများကိုလည်း ဆီလုပ်ငန်းရှင်များနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်၍ အထောက်အထားစာအုပ်များ ပြုလုပ် စေပြီး မိသားစုတစ်စုလျှင် တစ်လ(၂)ကြိမ် ၊တစ်ကြိမ် တစ်ပိဿာနှုန်းဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျှက်ရှိပါကြောင်းသိရပါသည်။
ထို့အပြင် ပြည်ပမှတရားမဝင်ကုန်စည်များကြောင့် ပြည်တွင်းထုတ်ကုန်များဈေးကွက်နှင့် အရည်အသွေးများထိခိုက်လျှက်ရှိရာ ထိုးအားနည်းချက်များနှင့်စားသုံးသူတို့၏အကျိုးစီးပွားကို ထိမ်းသိမ်း ကာကွယ်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များဖွဲ့စည်း၍ ကုန်စည် သိုလှောင်ရုံများတွင် တရားမဝင်ကုန်စည်သိုလှောင်ထားခြင်းရှိမရှိကို တောင်ကြီးမြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးရေးစီမံချက်များဖြင့်ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။
ဝန်ထမ်း/ပင်စင်စားနှင့်စားသုံးသူပြည်သူများ၏ ခက်ခဲကျပ်တည်းမှုကို ခွဲဝေဖြေရှင်းပေးနေ သော ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့်သက်ဆိုင်ရာအစုအဖွဲ့များ၏ ကောင်းမွန်သော ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုသည် စားသုံးသူများအတွက် ဝမ်းမြောက်အစီအမံများ ဖြစ်ကြောင်း ဂုဏ်ပြုရေးသားတင်ပြရပေမည်။
DOCA(ရှမ်း)