လက်ပံတန်းမြို့နယ်တွင် နွေစပါးများ လှိုင်လှိုင်ပေါပြီ

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရီုင် ၊ လက်ပံတန်းမြို့နယ်တွင် ယခုအခါ နွေစပါးများ လှိုင်လှိုင်ပေါ်နေပြီ ဖြစ်ပါသည်။ လက်ပံတန်းမြို့နယ်အနေဖြင့် နွေစပါးစိုက်ဧက (၁၂၇၉၄)ရှိပြီး ရတနာတိုး ၊ သုခစပါးမျိုးများ အစိုက်အများဆုံး ပျှမ်းမျှ အထွက်နှုန်း (၈၅)တင်းနှုန်းခန့် ထွက်ရှိကြောင်း ၊ တစ်ဧက ကုန်ကျစရိတ်မှာ (၄၀၀၀၀၀/-) ကျပ်ကျော်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ကျော် ရရှိကြောင်း ၊ နွေစပါး ပေါင်(၅) တင်း (၁၀၀)လျှင် (၇၇၀၀၀၀/-) ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းနှင့် နွေ ဆန်သစ်ပေါက်စျေးနှုန်းမှာ တစ်အိတ်လျှင် (၂၉၀၀၀/-) ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)