စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးသည် လွိုင် ကော်မြို့နယ်၊ နမ့်ဘော်ဝမ်(ခါး) မူလတန်းလွန်ကျောင်း၌ ကျောင်းသား / ကျောင်း သူစုစု ပေါင်း (၁၂၀)ဦးကို စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)မှ စားသုံး သူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ အနေ ဖြင့် စားသုံးသူအခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်အချက်များကိုလည်းကောင်း၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ ကုန်စည်တွင်ပါရှိမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များကိုလည်းကောင်း၊ ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများဝယ်ယူရာတွင်နစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန် ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန(CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website DOCA Myanmar mobile application ၊ Call Center 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများကသိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်း ဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရှိပါသည်။
DOCA(ကယား)