မြင်းခြံမြို့ အ.ထ.က(၃)တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ အခြားဌာနဆိုင်ရာများမှ ဖိတ်ကြားမှု၊ ပူးပေါင်းဆောင်ရွက်စေလိုမှုများတွင်လည်းကောင်း ကဏ္ဍများအလိုက် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ အများပြည်သူအကျိုးအတွက် ဆောင်ရွက်လျက်ရှိရာ(၁၂.၁၂.၂၀၂၄)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မြင်းခြံမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(အ.ထ.က.၃)တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊  ကေျာင်းမုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေး ဟောပြောဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြား၍ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)မှ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်း သင်ခန်းစာများ သင်ယူမှုအပြင် အခြားအထွေထွေဗဟုသုတများကိုလည်း လေ့လာဆည်းပူး သိရှိရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍  လူမှုဘဝတွင်သိရှိအပ်သော အသိပညာများ လိုအပ်သည့် အတွက် သက်ဆိုင်ရာဌာနများအလိုက် ယခုလိုလာရောက်ဟောပြောဆွေးနွေးရခြင်းဖြစ်ပါ ကြောင်း၊  စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ ဖုန်းနံပါတ်များနှင့် ကုန်အညွှန်းအမှတ်အသားများကို ကြည့်ရှုဝယ်ယူတတ်စေရန် ကုန်စည်နမူနာများဖြင့်ပြသရှင်းလင်းပြီး ကျောင်းသား/ကျောင်းသူများ မှတ်သားမိစေရေး အမေးအဖြေများပြုလုပ်၍ အပြန်အလှန် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ဆရာ/ဆရာမ ပေါင်း(၉)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၉၀)ဦး၊ ကျောင်းမုန့်ဆိုင်ရောင်းချသူ(၇)ဦး၊ စုစုပေါင်း (၂၀၆)ဦး တက်ရောက်ခဲ့ပြီး၊ ဟောပြောဆွေးနွေးမှုအပြီးတွင် ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းမုန့်ဈေးတန်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)