လုပ်ငန်းရှင်များအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေး

Powered by Drupal

         (၁၃.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မအူပင်ခရိုင်အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ မြို့ပေါ်လုပ်ငန်းရှင်များအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် မြို့နယ် အတွင်း ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးကို ရှင်းလင်းဆွေးနွေးခဲ့သည်။

         ရှင်းလင်းဆွေးနွေးရာ တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများ  လျှော့ချနိုင်ရေး တရားမဝင် ကုန်သွယ်မှုကို လျော့နည်းပပျောက်အောင် ဆောင်ရွက် နေချိန်ဖြစ်သည့် အတွက်      တရားမဝင် ကုန်စည်များ တားဆီးကာကွယ်ရေးတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ကြ သည့် နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်သိစိတ် ဖြင့် သတင်းအချက် အလက်များ   ပေးပို့ဆောင်ရွက်ရန် အကတိ ကင်းစင်ပြီး  နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအရေးကြီးသည်ဖြစ်သည့်အတွက် ဈေးကွက်ယှဉ်ပြိုင်မှု တရားမျှ တစေရန် လိုအပ်ကြောင်း ကိုလည်းကောင်း၊ တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများ ရှိသည့်အတွက် ကုန်ပစ္စည်းအုပ်စု အလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင်ရေယာဉ်အပါအဝင် မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ် ပြီး ဒုတိယ အများဆုံးမှာ    လုပ်ငန်းသုံး ကုန်ကြမ်းများဖြစ်၍ တတိယအများဆုံး မှာ   လူသုံးကုန်ပစ္စည်း များဖြစ် သည်ကို တွေ့ရှိရကြောင်း၊ ဖမ်းဆီးအရေး ယူ ဆောင်ရွက်မှုများရှိကြောင်း လေ့လာသိရှိရသဖြင့် မြို့နယ်တွင်းလည်း လုပ်ငန်းရှင်နှင့်၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ သတင်းပေး တိုင်ကြားသူများအား ဆုကြေး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဟောပြောအသိပညာ ပေးခြင်းကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ ပို့ကုန်/သွင်းကုန်ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရသည်။

DOCA( ဧရာဝတီ )