ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဦးစီးဌာန နှင့်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိအခြေခံ စားသောက် ကုန်အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအ တွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ် ပါ၊ မန်ကျည်းသီးမှည့်နှင့်ငရုပ်သီးခြောက်ရှည် အစရှိသောအခြေခံစား သောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာပြီး ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ လက်ကျန်နည်းပါးသော ကြောင့်ဖြစ်ပါသည်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့်ကြက်ဥများမှာ ဈေးနှုန်းအနည်းငယ်ကျဆင်း လာသည်ကိုတွေ့ရှိရပြီး ထိုသို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မမှဝင်ရောက်မှုများပြားလာခြင်း ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်ပစ္စည်း အ ရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)