“ ဆလပ်ရွက်စားသုံးခြင်း၏ ကောင်းကျိုးများ ”

Powered by Drupal

   ဆလပ်ရွက်ကို လူကြီး၊ လူငယ်၊ လူမျိုးမရွေး စားသုံးကြပြီး လူကြိုက်များသည့် အရွက်ဖြစ်ပါ သည်။ ဆလပ်ရွက်ကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ကြောင်းသိရှိရပြီး အရွက်အရောင်များမှာ အစိမ်း ရောင်နှင့်အနီရောင်ဟူ၍ နှစ်မျိုးရှိကြောင်းသိရပါသည်။ ဆလပ်ရွက်ကို တိုက်ရိုက်စိုက်ပျိုးခြင်းနှင့် ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် နှစ်မျိုးစိုက်ပျိုးနိုင်ကြောင်းသိရှိရပါသည်။ ဩဂုတ်လနှင့်စက်တင်ဘာလ များတွင် တိုက်ရိုက်စိုက်ပျိုးနိုင်ပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် ပျိုးထောင်စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

          ဆလပ်ရွက်ကို ငါးပိရည်/ဟင်းအနှစ်များဖြင့် အတို့အမြှုပ်စား၍သော်လည်းကောင်း၊ ခရမ်းချဉ် သီးနှင့်တွဲလျက်သုပ်စား၍သော်လည်းကောင်း၊ အသားကင်များဖြင့် တွဲဖက်လျက်သော်လည်းကောင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရှိရပါသည်။

          ဆလပ်ရွက်စားသုံးခြင်းဖြင့်ရရှိမည့် ကျန်းမာရေးကောင်းကျိုးများမှာ ကိုလက်စရောကျခြင်း၊ ကင်ဆာရောဂါမှကာကွယ်ခြင်း၊ အာရုံကြောဆဲလ်လေးများကို ကာကွယ်ပေးခြင်း၊ ပုံမှန်အိမ်ပျော်စေ ခြင်း၊ စိုးရိမ်ပူပန်မှုကို ထိန်းချုပ်ပေးခြင်းနှင့်ရောင်ရမ်းခြင်းကို လျော့ကျစေခြင်း စသည့်ဖြင့် ကောင်းကျိုးများ ရရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)