ပန်းတနော်မြို့နယ်ရှိ ဆန်ဆိုင်လုပ်ငန်းရှင်နှင့် ဆန်စက် သိုလှောင်ရုံ စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များ စပါး/ ဆန် MyRo တွင် မှတ်ပုံတင်နိုင်ရေး ရှင်းလင်းဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူက ပန်းတနော် မြို့နယ်အတွင်း စပါး/ဆန် သိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေး မှတ်ပုံတင်ရရှိပြီး ပြုပြင်ပြောင်းလဲမှု ရှိ၍ ပြင်ဆင်လိုပါက www.myro.com တွင် သတ်မှတ်ချက်နှင့်အညီ လျောက်ထားနိုင်ရေးကို ပန်းတနော်မြို့နယ်တာဝန်ခံရုံးခန်းမတွင် လုပ်ငန်းရှင်များအား (၁၆.၁၂.၂၀၂၄) ရက်နေ့ (၁၀၀၀)အချိန်က ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

          စားသုံးသူရေးရာဦးစီးဌာန၊ပန်းတနော်မြို့နယ်တာဝန်ခံရုံးသို့ ပန်းတနော် မြို့နယ်ရှိ ဆန်စက် လုပ်ငန်းရှင်၊ ဆန်ဆိုင်လုပ်ငန်းရှင်၊ စပါးသိုလှောင်သူတောင်သူများက သိူလှောင်ရုံမှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လာရောက်မေးမြန်းရာ ဦးအောင်ကျော်သက်က  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနသည် ၂၀၂၄ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တါင် အမိန့်အမှတ် ၈၂/၂၀၂၄ကို ဆန်စပါးသို လှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များက ဆန်တန်ချိန် ၂၅နှင့်အထက် သိုလှောင်ရုံ သိုမဟုတ် စပါးတင်း ၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com တွင် သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရမည်ဖြစ်ကြောင်း၊ ဆန်စပါး သိုလှောင်ရုံနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးနောက် စာရင်းအချက်အလက် ပြောင်းလဲမှုရှိ၍ ပြင်ဆင်လိုလျှင် www.myro.com တွင်သတ်မှတ်ထားသည့်နှင့် အညီ လျောက်ထားရမည်ဖြစ်ကြောင်းကို သိုလှောင်ရုံ အမျိုးအစား သတ်မှတ်ချက် မှတ်ပုံတင်ကြေးပေးသွင်းပြီး မှတ်ပုံတင်ဆောင်ရွက်ရန် လိုအပ်သော အချက်အလက် ထောက်ခံချက်များကို ရရယူပြီး မှတ်ပုံတင်လျောက်ထားပုံပဆင်ဆင့်ကို ရှင်းလင်းဆွေးနွေးပေး ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)