ရှမ်း(တောင်)ကုန်စိမ်းသီးနှံအများစုဈေးကျဆင်း

Powered by Drupal

 

          ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ပထမပတ်အထိ ဈေးနှုန်းအမြင့်တွင်ရှိခဲ့သော ကုန်စိမ်းသီးနှံအများစု မှာ(၁၀.၁၂.၂၀၂၄)ရက်နေ့တွင် ဈေးနှုန်းများထက်ဝက်နီးပါးကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းမုံလာ၊ ငရုတ်ပွ နှင့် မုန်ညှင်း စသောကုန်စိမ်းသီးနှံများ မှာ နှစ်စဉ်ဆောင်းကာလတွင် ဈေးလျော့ကျသည့်အစဉ်အလာရှိပြီး ယခုနှစ်တွင် ကုန်စည်ထွက်ရှိမှု လျော့ခြင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းအချို့ပျက်စီးခြင်း နှင့် အခြားဒေသမှ ကုန်ထွက်ရှိမှု နောက်ကျခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ယခုကာလတွင် ပဲ ခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့မှ ကုန်စိမ်းများ လှိုင်လှိုင်ပေါ်လာချိန်ဖြစ်၍ ဈေး ကွက်ဝယ်လိုအားနှင့် ကုန်ထွက်ရှိမှု မျှတလာသဖြင့် ဈေးနှုန်းများကျဆင်းလာရခြင်းဖြစ်ပါသည်။ဒီ ဇင်ဘာလ ဒုတိယပတ်၏ ကုန်စိမ်းဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၂၇၀၀-၃၅၀၀)ကျပ်၊ ဂေါ်ဖီ (၁၅၀၀-၁၈၀၀)ကျပ်၊ ပန်းမုံလာ (၁၅၀၀-၂၀၀၀)ကျပ်၊ မုန်ညှင်း (၁၅၀၀-၁၆၀၀)ကျပ်၊ ငရုတ်ပွ (၃၅၀၀-၄၅၀၀)ကျပ်၊ ဘိုစားပဲ (၁၈၀၀-၂၀၀၀)ကျပ်စသဖြင့် ဈေးပေါက်လျက်ရှိပြီး အာလူး (၂၅၀၀- ၅၅၀၀)ကျပ်သာ ဈေးကွက်ပေါက်ဈေးရှိပါကြောင်း နှင့် ကုန်စိမ်းသီးနှံများ ဈေးဆက်လက်ကျဆင်း နိုင်ကြောင်း လေ့လာသုံးသပ်ရေးသားအပ်ပါသည်။

DOCA(ရှမ်း)