ရမည်းသင်းခရိုင်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ရုံးရှိ ဝန်ထမ်းများသည် ပျော်ဘွယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချနေသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား ဆွေးနွေးခဲ့ရာ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့်ဘိလပ်မြေတို့ကို စက်ရုံများမှတိုက်ရိုက်ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အပါချီအမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၁၁၂၀၀) ကျပ်၊ အယ်ဖာအမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၁၀၈၀၀) ကျပ်၊ ကြံ့နှစ်ကောင် အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၁၀၈၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပြီး၊ ဒီဇင်ဘာလ ပထမပတ်တွင်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် အရောင်းအဝယ်ပုံမှန်ရှိသော်လည်း ကုန်အဝင်နည်းသည့်အတွက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)