မန္တလေးတိုင်းဒေသကြီးမှ ဒီဇင်ဘာလတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ဦးစားပေးကုန်စည်သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဒေသကြီးအနေဖြင့်၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်အတွက် စားသုံးသူများအား  ဘေးအန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားသည့် အခြေအနေများကိုထည့်သွင်းစဉ်းစားကာ ဦးစားပေးကုန်စည်(၁၀)မျိုးသတ်မှတ်၍ လအလိုက်ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်မည့် အစီအမံများအား မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသို့တင်ပြ၍ အတည်ပြုချက်ရယူပြီး ဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ဦးစားပေးကုန်စည် အဖြစ်သတ်မှတ်ထားသောအိမ်သုံးလျှပ်စစ် ပစ္စည်းအမျိုးမျိုးအားမန္တလေးတိုင်းဒေသကြီးအတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး တင်သွင်းရောင်းချနေသည့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ ရမည့်တာဝန်နှင့်တားမြစ်ချက်များ  ၊စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ (၃-၁၂-၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)  တွင်ပါရှိရမည့်   ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးစားသုံးသူကာကွယ်ရေး  ဉပဒေပါပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိအိမ်သုံးလျှပ်စစ်ပစ္စည်းအမယ် စုစုပေါင်း(၃၃၇) မျိုးအားစောင့်ကြည့်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်းစောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)