မိတ္ထီလာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံများ၏ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၁၁.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင်  မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့်ပူးပေါင်းအဖွဲ့တို့သည် မိတ္ထီလာမြို့ပေါ်ရှိပုဂ္ဂလိကဆေးရုံများဖြစ်သော Grand Htila အထွေထွေရောဂါကုဆေးရုံ၏ဆေးဆိုင်၊ မေတ္တာအေးအထွေထွေရောဂါကုဆေးရုံ၏ဆေးဆိုင်၊ သုခထီလာအထွေထွေရောဂါကုဆေးရုံ၏ဆေးဆိုင်၊ ဇော်အထွေထွေရောဂါကု ဆေးရုံ၏ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့မြို့နယ်တာဝန်ခံမှကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၀၀)ဖြင့် Coivid 19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်း များအား ဈေးကွက်အတွင်းဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းကို တားမြစ်ထားသည့်အမိန်ကြော်ငြာစာကို ထုတ်ပြန်ထားပြီးဖြစ်သဖြင့် လိုက်နာဆောင်ရွက်ကြရန် ၊ ဆေးဝါးများထားသိုရာတွင် စနစ်တကျရှိစေရန် ၊ အခန်းပူချိန်တိုင်းကိရိယာနှင့် လေအေးပေးစက်များထားရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)