အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များနှင့်စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၂.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ နှင့်စပ်လျဉ်း၍ အသိပညာ ပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ သည် မိမိတို့ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူဖြေရှင်းဆောင်ရွက် ခြင်း၊ အရောင်းပြေစာပေးအပ်ခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံချက်ပေးခြင်း၊ ရောင်းချသော ကုန်စည်၏ ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရမည်ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်များအနေ ဖြင့် မှတ်ပုံတင်ထားခြင်းမရှိသော ကုန်စည်များရောင်းချခြင်း၊   စားသုံးသူ၏ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုအမူများ၊ အပြောအဆိုများ ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းအကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)