မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၇.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက် အသင်းရုံး တွင်ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက် ခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ဆန်စက်ပိုင်ရှင် များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချပေးကြရန်၊ မြန်မာ့ဆန်စပါး  (MYRO)တွင် ဆန်စပါး သိုလှောင်ရုံများ Online မှ မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ခြင်း  ဆောင်ရွက်ကြရန် သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူ ရေးရာဦးစီးဌာနနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ခြင်းတို့ကို အသိညာပေးရှင်းလင်း ဆွေးနွေးဟောပြောခဲ့ ပါသည်၊ ဆွေးနွေးဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)