ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကုန်ထုတ်လုပ်ငန်းများအတွက်လုပ်ငန်းသုံးပစ္စည်းများပေးအပ်

Powered by Drupal

 

   ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျေးလက်နေပြည်သူများ၏အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် တိုင်းဒေသ

ကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ကျေးရွာ (၁၈)ရွာရွေးချယ်ခဲ့ပြီး အဆိုပါကျေးရွာများတွင် စက်ချုပ်သင်တန်း၊ဆိုင်ကယ်ပြုပြင်သင်တန်းဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းတို့ ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းမှအခြေခံနှင့်မွမ်းမံသင်တန်းတက်ရောက်ပြီးသူများမှ ထူးချွန်၍လုပ်ငန်းထူထောင်မည့် သူများအားလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ပုသိမ်မြို့မြို့တော်ခန်းမတွင် ဒီဇင်ဘာလ ဒုတိယပတ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်၊ဝန်ကြီးများ၊တရားသူကြီးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်းသုံးပစ္စည်း များပေးအပ်ခဲ့ပြီး သင်တန်းဆင်းသင်တန်းသားများ ကိုယ်စားလှယ်လုပ်ငန်းထူထောင်မည့်သူမ ှကျေးဇူးတင်စကားပြောကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)