သရက်မြို့ပေါ်ရှိ ဆန်လက်လီ၊ လက်ကား အရောင်းဆိုင်များအားအသိပညာပေး

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆.၁၂.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် သရက်မြို့ပေါ်ရှိ ဆန်ရောင်းချနေသော လက်လီ၊ လက်ကား အရောင်းဆိုင်(၁၉)ဆိုင်သို့ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် အလို့ငှာ ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် MyROတွင် ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်း နှင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန် ထားသည့် ဈေးနှုန်းများအတိုင်းရောင်းချစေရေး အသိပညာပေးခြင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်(၁၉)ဆိုင်တို့အား My ROတွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့နှင့် နောက်ပိုင်းတွင် www.myro. com.mm ၌ မှတ်ပုံတင်လျှောက်ထားမှု မရှိသည်ကို စိစစ်တွေ့ရှိရပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် ဈေးနှုန်းများ အတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူ ပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများ ပြည်သူများသို့ ရောင်းချစေရေး အသိပညာပေးပြောကြားခဲ့ပြီး ရောင်းချသည့်ဈေးနှုန်းနှင့် လက်ကျန်စာရင်းများကောက်ယူခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)