မှော်ဘီမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

မှော်ဘီမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်သို့ (၁၆.၁၂.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်တွင် စိုက်ပျိုးရေးဆေးမျိုးစေ့နှင့်ဓါတ်မြေဩဇာ အရောင်းဆိုင် (၂) ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ပါဝင်သောအဖွဲ့များသည် မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ မမူနှင့် ပြည်လမ်းမပေါ်ရှိ အစဉ်ရှယ် ဓါတ်မြေဩဇာအရောင်းဆိုင်များတွင် ဓါတ်မြေဩဇာဈေးနှုန်းများ သတ်မှတ်ရည်ညွှန်း ဈေးနှုန်း အတိုင်းရောင်းချခြင်းရှိ/မရှိ၊ ရောင်းချခွင့် လိုင်စင်ရှိ/မရှိ၊ လိုင်စင်သက်တမ်း ကုန်ဆုံးခြင်း ရှိ/မရှိ၊ လုပ်ငန်းရှင်များအနေဖြင့် ဓါတ်မြေဩဇာနှင့်မျိုးစေ့စသည့် တစ်မျိုးခြင်းအလိုက် ရောင်းချခွင့်လိုင်စင်များပြုလုပ်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ဓါတ်မြေဩဇာနှင့် သက်တမ်းလွန် မျိုးစေ့များ ရောင်းချခြင်း မပြုလုပ်ရန်လည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)