အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

          (၁၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၉)နာရီအချိန် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ အကောက်ခွန် ဦးစီးဌာန(ရုံးချုပ်)၊ ဇေယျာသီဟအစည်းအဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း နယ်မြေ၊ သီလဝါဆိပ်ကမ်းနယ်မြေနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ ပါသည်။

          အစည်းအဝေးအား အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေမှ ဦးဆောင် ကျင်းပခဲ့ရာ သက်ဆိုင်ရာဆက်စပ်ဌာနအဖွဲ့အစည်းများ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ BOT ဆိပ်ကမ်းများမှ တာဝန်ရှိသူများ၊ စက်သုံးဆီ ဆိပ်ကမ်း များမှ တာဝန်ရှိသူများ၊ ယာယီဆိပ်ကမ်းများမှ တာဝန်ရှိသူများ၊ ဆိပ်ကမ်းတာဝန်ခံများ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်စေရေးနှင့်ပတ်သက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး၊ မိမိတို့ နယ်မြေဒေသအလိုက် တရားမဝင်လမ်းကြောင်းများနှင့် နယ်မြေအခြေအနေများအား သိရှိရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူများမှ အကြံပြု သုံးသပ်တင်ပြခြင်း၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ညှိနှိုင်းအစည်းအဝေးကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)