တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၏ ပထမဆုံး ESG (သဘာဝ ပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှု) အစီရင်ခံစာ မိတ်ဆက်ပွဲကို အင်္ဂါနေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဌေးက တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုဖြင့် စီမံကိန်းကို ချီးကျူးစကား ပြောကြားခဲ့သည်။တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းသည် အရေးကြီးသော အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းတစ်ခုသာမက လူမှုတာဝန်ယူမှုဆိုင်ရာ စံပြစီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ နက်ရှိုင်းသော "ပေါက်ဖော" (ဆွေမျိုးပေါက်ဖော်) ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဦးနှစ်ဖက် အကျိုး ရှိသော ပူးပေါင်းဆောင်ရွက်မှုကို ပြသနိုင်ခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီလီမိတက်နှင့် အရှေ့တောင်အာရှ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီလီမိတက် ၏ ဒုတိယဥက္ကဋ္ဌ Li Haiping က တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း သည် နယ်မြေဒေသများ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ကတိပြုထား ကြောင်း၊ ဒေသခံပြည်သူများအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများ ဖော်ဆောင်ပေး နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ESG အစီရင်ခံစာသည် အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ လီမိတက်နှင့် မြန်မာနိုင်ငံရှိ အရှေ့တောင်အာရှဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီလီ မိတက်တို့၏ ပရောဂျက်စတင်ချိန်မှစ၍ ဥပဒေနှင့်အညီ စီမံခန့်ခွဲမှု၊ တန်ဖိုးဖန်တီးမှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် လူမှုရေးတာဝန်ယူမှု စသည့် ကဏ္ဍငါးခုမှ လူမှုရေးတာဝန်ဝတ္တရားများနှင့် အောင်မြင်မှုများကို ပြန်လည်သုံးသပ်ခြင်း ဖြစ်ကြောင်းသိရသည်။
DOCA(ရန်ကုန်)