ဒီဇင်ဘာလ တတိယပတ်တွင် တွံတေးမြို့နယ် အခြေခံစားသောက်ကုန်များဖြစ်သောဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်( ၃၃၀၀-၃၄၀၀)ကျပ်၊ တောင်ပျံဆန် ရိုးရိုးတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ကျားပျံဆန်တစ်ပြည်လျှင်(၅၄၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင် (၇၆၇၅)ကျပ်၊ ယခုအပတ်(၇၆၇၅)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာ လျှင် (၂၂၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်ဆုံတစ်ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုက်) တစ်ပိဿာလျှင်(၁၉၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင်(၁၂၅၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင်(၆၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ငြုပ်တောင့်(အပု)တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ မန်းချည်းသီးမှည့် တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် (၇၀၀၀၀)ကျပ်၊ခေါက်ဆွဲခြောက်တစ်ထုတ်လျှင် (၇၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၃၅၀)ကျပ်နှင့် ဘဲဥတစ်လုံး လျှင် (၅၅၀)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။
အလားတူဗမာကြက်တစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင်(၂၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၅၀၀၀-၃၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်စသည်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။
ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများနှင့် အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာတည်ငြိမ်လျှက်ရှိပြီး အသား၊ငါးဈေးနှုန်းများနှင့်စားအုန်းဆီဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းသွားလျှက်ရှိကြောင်း သိရသည်။
DOCA(ရန်ကုန်)