![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/132_17.jpg?itok=a6SrJzLr)
အိမ်ခြံမြေကဏ္ဍတွင် ဈေးနှုန်းမျာကျဆင်းနေသော်လည်း ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် တိုးတက်နေဆဲဖြစ်ကြောင်း အစိုးရဌာနတာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ အထည်ချုပ်ကဏ္ဍပြန်လည်ဦးမော့လာမှု၊ အထည်ချုပ် မဟုတ်သောကုန်ထုတ်လုပ်မှုမြင့်တက်လာခြင်းနှင့် ခရီးသွားလုပ်ငန်းများတဖြည်းဖြည်းပြန်လည် ဦးမော့လာမှုတို့ကြောင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Aun Pornmonirot က ၂၀၂၄ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၆ ရာခိုင်နှုန်းဝန်ကျင်ရှိမည်ဟုခန့်မှန်းထားသည်။ ၂၀၂၅ ခုနှစ် အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၆.၃ ရာခိုင်နှုန်းရရှိရန် ခန့်မှန်း ထားပြီး နိုင်ငံတော်၏ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) အား အမေရိကန်ဒေါ်လာ ၅၁.၃၉ ရာခိုင်နှုန်းအထိ ရရှိရန်တွန်းအားပေးမည်ဟုပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများတင်ပို့မှု၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်းနှင့်စိုက်ပျိုးရေးတို့အပေါ်တွင် အဓိက အားထားကြောင်း၊ ပြည်တွင်း စီးပွားရေးအရှိန်အဟုန်မြင့်တက်မှုနှင့် နိုင်ငံတကာကုန်သွယ်မှု၊ ကုန်စည်ဈေးနှုန်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးဖောင်းပွမှုသည် ၂၀၂၅ ခုနှစ်တွင် ၂.၅ ရာခိုင်နှုန်းအထိရှိလာမည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)